Alfa Romeo Stelvio Quadrifoglio Review (International)

0

Full article

Alfa Romeo ရဲ့ Stelvio Quadrifoglio အသစ်ဟာ 510hp အထိ အမြင့်ဆုံး စွမ်းအင်ထုတ်လွှတ်နိုင်တဲ့ အင်ဂျင်နဲ့ all-wheel drive ကားတစ်စီးဖြစ်ပြီး အကွေ့အဝိုက်တွေမှာတောင်မှ တဖြောင့်တည်းမောင်းသလိုမျိုးနီးပါး မောင်းနိုင်တဲ့ ကားလည်းဖြစ်တယ်။ ဒါပေမယ့် အတွင်းခန်းအရည်အသွေးနဲ့ infotainment စနစ်ကတော့ တခြား တန်းတူတန်ဖိုးကြီး အရည်အသွေးမြင့်ကားတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ နည်းနည်း weak ပါတယ်။

အားသာချက်
+ အင်ဂျင်ပိုင်း လွန်စွာကောင်းမွန်မှု
+ မောင်းနှင်ထိန်းချုပ်မှုအပိုင်း သွက်လက်လျင်မြန်ခြင်း
+ ဆွဲဆောင်အားရှိတဲ့ exhaust အသံ

အားနည်းချက်
- Cabin ရဲ့ အရည်အသွေး
- Infotainment စနစ်ပိုင်း
- Driving modes များကို စိတ်ကြိုက်မချိန်နိုင်ခြင်း

သုံးသပ်ချက်

Alfa Romeo ဟာ ကားမောင်းပြိုင်ပွဲတွေမှာ လက်ဖျားခါရလောက်အောင် သမိုင်းကြောင်းရှိခဲ့တဲ့ အမှတ်တံဆိပ်ပါ။ လှပမှုရှိရုံတင်မကပါဘူး။ စွမ်းဆောင်ရည်မြင့်မားမှုကြောင့်လည်း နာမည်ကျော်ပါတယ်။ စွမ်းဆောင်ရည်၊ စွမ်းဆောင်ရည် ဆိုတာကိုပဲ တောင်းဆိုမှုတွေအားပျော့လာချိန်မှာတော့ Alfa Romeo ရဲ့ အားကောင်းလှတဲ့ Giulia Quadrifoglio ဟာ Stelvio Quadrifoglio အဖြစ်နဲ့ အရောင်းအဝယ်သွက်နေတဲ့ SUV ဈေးကွက်ထဲကို ဝင်ရောက်လာပါတယ်။
SUV အမျိုးအစားမှာ Porsche Macan ၊ Audi SQ5 ၊ Mercedes-AMG GLC 63 နဲ့ Maserati Levante တို့က ထိပ်တန်းအဆင့်ရှိတဲ့ကားတွေပါ။ ဒီလိုမျိုးကားတွေကို ဖြတ်ကျော်ပြီး carwow ရဲ့ မောင်းသူအကြိုက် 2018 ဆုကို Stelvio Quadrifoglio ရရှိသွားခဲ့ရတာဟာ အဆင့်မြင့်စွမ်းဆောင်ရည် အကောင်းဆုံး SUV ဖြစ်ရုံမျှမကပါဘူး။ စွမ်းဆောင်ရည်မြင့် အကောင်းဆုံးကားတွေထက်ပိုပြီး မောင်းပျော်လို့လည်းဖြစ်ပါတယ်။

အတွင်းခန်း

တန်ဖိုးမြင့်ကားတစ်စီးဖြစ်တာနဲ့အညီ အတွင်းခန်း သားနားဇိမ်ကျပြီး infotainment စနစ်ကလည်း ကောင်းမွန်မှုရှိပါတယ်။ ဒါပေမယ့် ကံဆိုးတာတစ်ခုက အတွင်းခန်း ဇိမ်ကျမှုနဲ့ infotainment စနစ်ရဲ့ကောင်းမွန်မှုအပိုင်းမှာ အခြားအဆင့်တူပြိုင်ဘက်တွေက Stelvio Quadrifoglio ထက်ပိုပြီးကောင်းမွန်နေတာပါပဲ။ ဒါတောင်မှ Alfa ရဲ့ dashboard မှာက carbon fibre trim မျိုးတွေထည့်သွင်းပေးထားတာပါ။ 8.8-inch ရှိတဲ့ infotainment screen ကလည်း DAB ရေဒီယို၊ Bluetooth ၊ Apple CarPlay ၊ Android Auto တို့ပါဝင်ပေမယ့် ပုံထွက်ပိုင်းမှာတော့ သိပ်ပြီးလက်တွေ့မကျတာဟာ အားနည်းချက်တစ်ခုပါ။
ထိုင်ခုံအနေအထားကတော့ အရမ်းကောင်းတယ်။ Sporty ထိုင်ခုံတွေဟာ မောင်းနှင်ရာမှာ တော်တော်လေး အထောက်အပံ့ပေးပြီး အရှေ့မြင်ကွင်းကလည်း ယာဉ်မောင်းသူအတွက် ရှင်းလင်းမှုရှိပါတယ်။ အနောက်ဘက်က ဘောင်တွေကြောင့် နောက်ကြည့်မှန်ကကြည့်မယ်ဆိုရင် မြင်ကွင်းကျဉ်းတယ်လို့ ခံစားမိကောင်း ခံစားစေနိုင်ပေမယ့် အနောက်မြင်ကွင်းကို ပြသပေးမယ့် ကင်မရာပါဝင်တဲ့အတွက် ပြဿနာတော့ရှိမှာမဟုတ်ဘူူး။
သားရေထိုင်ခုံ၊ keyless entry နဲ့ push start ၊ အရှေ့အနောက် parking sensors တွေ၊ အနောက်ကြည့်ကင်မရာ၊ အလိုအလျောက်အတိုးအလျှော့လုပ်ပေးတဲ့ အရှေ့မီးနဲ့ wipers တွေကို စံသတ်မှတ်ချက်အနေနဲ့ တပ်ဆင်ပေးထားတယ်။

လက်တွေ့ဆိုရင်

ကားအတွင်းဘက် အကျယ်အဝန်းကတော့ ပြိုင်ဘက်ကားတွေနဲ့ ကောင်းကောင်းကြီးနှိုင်းယှဉ်နိုင်ပါတယ်။ အနောက်လူစီးခန်းမှာဆိုရင် လူနှစ်ယောက်အတွက်ဆိုရင် ကျယ်ကျယ်ဝန်းဝန်းသက်သက်သာသာ လိုက်ပါစီးနင်းနိုင်မှာဖြစ်ပေမယ့် သုံးယောက်ဆိုရင်တော့ နည်းနည်းလေးကျပ်မှာပါ။ နောက်ဖုံး (boot) အကျယ်ကလည်း ပြိုင်ဘက်ကားတွေကို ယှဉ်နိုင်သလို ဝင်ဆံ့မှုပမာဏလည်း မြင့်မားပါတယ်။ ခရီးဆောင်အိတ် အကြီးနှစ်လုံးနဲ့ လက်ဆွဲအိတ် နှစ်လုံး သုံးလုံးလောက် ထည့်သွင်းလို့အဆင်ပြေတာ တွေ့ရပါတယ်။
လက်တွေ့ပိုင်းမှာလည်း အသုံးကျမယ့်ကားတစ်စီးလို့ အကြမ်းဖျင်းသုံးသပ်ရင် ရပါတယ်။ Safety ပိုင်းအရကြည့်မယ်ဆိုရင်လည်း Alfa Romeo မှာက automatic emergency braking စနစ်၊ blind spot detection စနစ်နဲ့ lane departure စနစ်တွေက စံသတ်မှတ်ချက်အနေနဲ့ ထည့်သွင်းပေးထားတာတွေ့ရတယ်။ နောက်တစ်ချက်က 2017 ယာဉ်တိုက်မှု စမ်းသပ်ချက်မှာလည်း Stelvio က ကြယ်ငါးပွင့် ရရှိပြီးသား။ အဲဒီအတွက် safety ပိုင်းအရလည်းအပြည့်အဝကောင်းမွန်မှုရှိကြောင်း ထောက်ခံချက်ပေးနိုင်တဲ့ ကားတစ်စီးပါပဲ။

မောင်းနှင်မှု

အင်ဂျင်ပိုင်းအနေနဲ့ကြည့်မယ်ဆိုရင် Stelvio Quadrifoglio က SUV အမျိုးအစားဖြစ်ပေမယ့် saloon အမျိုးအစားဖြစ်တဲ့ Giulia Quadrifoglio မှာအသုံးပြုထားတဲ့ 510hp turbocharged 2.9-litre V6 ဓါတ်ဆီအင်ဂျင်ကိုပဲ အသုံးပြုထားတာပါ။ Alfa Romeo ရဲ့ကားတွေဟာ နောက်ယက်အမျိုးအစားကားတွေ အများစုဖြစ်ပြီး Stelvio Quadrifoglio ကတော့ all-wheel-drive ဖြစ်တဲ့အတွက် ပုံမှန်အတိုင်းဆိုရင် အနောက်ဘီးတွေပဲ အလုပ်လုပ်မှာဖြစ်ပြီး ရှေ့ဘီးတွေပါ အလုပ်လုပ်စေချင်ရင်တော့ လောင်စာဆီကုန်ကျစာရိတ်က ပိုလာမှာပါ။
စတင်မောင်းနှင်ကြည့်ရမှာတော့ အမြန်ဆုံးအမြန်နှုန်းတင်ကြည့်တဲ့အခါမှာ 62mph ကိုရောက်ဖို့ 3.8 စက္ကန့် အချိန်သာလိုတဲ့အတွက် တကယ့်ကို စွမ်းဆောင်ရည်အမြင့်စား SUV ဖြစ်ကြောင်း ထပ်လောင်းသက်သေပြလိုက်တာပါပဲ။ 8-speed automatic gearbox နဲ့ တပ်ဆင်ပေးထားတဲ့ အလူမီနီယံ ခြေနင်းအကြီးတွေနဲ့ဆိုတော့ ဒါဟာ အမိုက်စားကားတွေမောင်းချင်တဲ့သူတွေအတွက် အိပ်မက်တစ်ခုဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ Manual gearbox နဲ့ဆိုရင်တော့ အရှိန်နှုန်းအမြင့်စားကို မြန်မြန်ဆန်ဆန်ရရှိနိုင်မှာဖြစ်ပေမယ့် manual gearbox နဲ့လိုချင်ရင်တော့ သီးသန့်မှာယူရမှာပါ။ ပြေးလမ်းကောင်းပေါ်မှာဆိုရင်တော့ 176mph အထိ အမြန်ဆုံးမောင်းနှင်နိုင်မယ့် SUV ပါပဲ။
နှစ်သက်စရာတစ်ခုကတော့ Stelvio Quadrifoglio ဟာ လမ်းအဖြောင့်တွေသာမကဘဲ အဝိုက်တွေမှာပါ အရှိန်မြင့်မောင်းနှင်နိုင်ခြင်းပါ။ Mode လေးမျိုးပြောင်းလဲမောင်းနှင်နိုင်ပြီး အဲဒါတွေကတော့ Advanced Efficiency ၊ Normal ၊ Dynamic နဲ့ Race ပါ။ Race Mode မှာတော့ ထွက်ရှိလာတဲ့အသံဟာ ရင်ခုန်ဖို့ကောင်းလှပါတယ်။ Mode ကို တစ်ဆင့်ခြင်းမြှင့်လိုက်တာနဲ့အတူ throttle ရဲ့ တုန့်ပြန်မှု၊ Gear အပြောင်းအလဲနဲ့အတူ ပိုမိုစေးပိုင်သွားတဲ့ steering နဲ့ ပိုမိုတောင့်တင်းသွားတဲ့ suspension ကိုပြောင်းလဲသွားပါလိမ့်မယ်။
အဖုအထစ်ပေါတဲ့လမ်းတွေပေါ်မှာဆိုရင် သက်သောင့်သက်သာဖြစ်စေတဲ့ Mode ကိုပြောင်းပြီး Stelvio Quadrifoglio ကို သာသာယာယာမောင်းလို့ရပါတယ်။ ဒါပေမယ့် Race Mode နဲ့ လမ်းကြမ်းတွေပေါ်မှာမောင်းမယ်ဆိုရင်တော့ သက်သောင့်သက်သာအရသာကို ရရှိမှာမဟုတ်ဘူး။ Normal Mode လိုမျိုးနဲ့ဆိုရင် steering ရဲ့ပေါ့ပါးမှုဟာ ဒီလိုမျိုး မြင့်မားတဲ့ SUV အတွက် အံအားသင့်စရာလို့တောင် ပြောလို့ရတယ်။ ပြောချင်တာက Stelvio Quadrifoglio ကိုအကောင်းဆုံးမောင်းနှင်ဖို့အတွက်ဆိုရင်တော့ လမ်းနဲ့ ကိုက်ညီတဲ့ Mode ကိုရွေးချယ်တတ်ဖို့တော့လိုပါလိမ့်မယ်။ Mode အလိုက်ပြောင်းလဲသွားတဲ့ throttle ၊ Gear shift ၊ Steering ၊ Suspension နဲ့ နောက်ဆုံး exhaust အသံတွေကို စိတ်ကြိုက်ပြောင်းလဲလို့မရတာကတော့ မချင့်မရဲဖြစ်ရပါတယ်။ ဥပမာအနေနဲ့ Race mode ကထွက်တဲ့ exhaust အသံဟာ ဘယ်အရာနဲ့မှမတူဘဲ စိတ်တတ်ကြွဖွယ်ရာကောင်းလွန်းတော့ ဒီအသံကိုလိုချင်ရင် Race mode နဲ့မှပဲရရှိနိုင်မှာမလို့ပါ။

ပါဝင်တဲ့အချက်တွေ

telvio Quadrifoglio မှာက trim အမျိုးမျိုး ထုတ်ထားခြင်းမရှိပါဘူး။ Quadrifoglio ဆိုပြီးပဲ သားရေထိုင်ခုံ၊ Keyless entry နဲ့ push start ၊ အရှေ့အနောက် parking sensors ၊ အနောက်ကြည့်ကင်မရာ၊ အလိုအလျောက်အတိုးအလျော့ပြုလုပ်ပေးမယ့် အရှေ့မီးကြီးနဲ့ wipers တွေ ပါဝင်ပြီး စိတ်ချလုံခြုံရေးအနေနဲ့ automatic emergency braking စနစ်၊ blind spot detection စနစ်နဲ့ lane departure အချက်ပြ စနစ်တွေ တပ်ဆင်ပေးထားပါတယ်။
အင်ဂျင်ကတော့ 2.9 V6 BITURBO 510 AUTO အင်ဂျင်ဖြစ်ပြီး 2.9-litre ဓါတ်ဆီပါ။ 510hp အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်ပေးနိုင်စွမ်းရှိပြီး gearbox ကတော့ 8-speed automatic ပါ။ 0-60mph ကို 3.8 စက္ကန့်အတွင်း အရှိန်တင်မောင်းနှင်နိုင်ပြီး ဆီစားနှုန်းအနေနဲ့ကတေ့ 29mpg ရှိမယ်လို့ Alfa ကဆိုထားပါတယ်။ ထုံးစံအတိုင်း 10mpg လောက်နုတ်ပြီး သုံးသပ်ပေးရမယ်ဆိုရင်တော့ ဆီစားနှုန်းမြင့်မားမယ့် သဘောမှာရှိတယ်။ ဒါပေမယ့် ဒီလိုမျိုး စွမ်းဆောင်ရည်မြင့်ကားတစ်စီးကို စီးမှတော့ ဒီလောက်ကုန်ကျစာရိတ်ကတော့ ဘယ်ကားမဆို ရှိနေမှာပါပဲ။

စာရေးသူ  : စိုင်းဆိုင်(ရန်ကုန်)
Ref : Alfa Romeo Stelvio Quadrifoglio Review by Mat Watson

Author

Comments