Bentley Bentayga Review (International)

0

Full article

တန်ဖိုးကြီးတယ်နဲ့ ဇိမ်ကျတယ်ဆိုတာက ခွဲလို့မရတဲ့စာလုံးနှစ်ခု။ ဒါကိုမှ သီးသန့်ဆန်မှုဆိုတာကိုထပ်ပေါင်းထည့်လိုက်မယ်ဆိုရင် Bentayga ရနိုင်ပါလိမ့်မယ်။ Bentayga ဟာ Bentley က ထုတ်တဲ့ SUV ဖြစ်ပြီး တချို့ကတော့ Audi ရဲ့အတွင်းခန်းအပြင်အဆင်နဲ့ တူတယ်လို့ဆိုကြပေမယ့်.....

အားသာချက်


+ အတုမရှိနိုင်တဲ့ စွမ်းဆောင်ရည်
+ ထင်မထားလောက်အောင် မောင်းလို့ကောင်းတာ
+ ဇိမ်ကျလှတဲ့ အတွင်းခန်း

အားနည်းချက်


- ကိုးရိုးကားရားဆန်တဲ့ပုံစံမျိုးလို့ပြောနိုင်ခြင်း
- အတွင်းခန်းအပြင်အဆင်မှာ Audi ရဲ့သြဇာလွှမ်းမိုးမှုရှိနေခြင်း
- Range Rover တွေက ပိုမိုကျယ်ဝန်းခြင်း

သုံးသပ်ချက်

Bentayga ဟာ Bentley ကထုတ်လုပ်တဲ့ကားတွေထဲမှာ ပထမဆုံး SUV အမျိုးအစားဖြစ်တယ်။ Range RoverAudi Q7 နဲ့ Rolls-Royce Cullinan တို့အတန်းမျိုးမှာရှိတဲ့ကားမျိုး။ ပြောရမယ်ဆိုရင် ကမ္ဘာ့ကားဈေးကွက်ထဲက တန်ဖိုးအကြီးဆုံး SUVs တွေထဲက တစ်မျိုးလည်းဖြစ်တယ်။ တကယ်လို့သာ ခင်ဗျားအနေနဲ့ Bentayga တစ်စီးဝယ်စီးမယ်ဆိုရင် ပထမဆုံးရရှိမှာကတော့ ပြိုင်ဘက်ကားတွေထက် ပိုသာတဲ့ လျင်မြန်မှုနဲ့ ဇိမ်ကျမှုကမ္ဘာအသစ်တစ်ခုပါပဲ။

အတွင်းခန်း

နောက်တစ်ခု၊ cabin အတွင်းကိုဝင်လိုက်တာနဲ့ ကြိုဆိုနေမှာက high-grade သားရေတွေ၊ တန်ဖိုးကြီး သစ်သားနဲ့ အရည်အသွေးမြင့် သတ္ထု trim ။ အတွင်းခန်းဟာ အမြင်အာရုံနဲ့ပဲ ဇိမ်ကျတယ်လို့ခံစားရတာမဟုတ်၊ အနံအသက်ကိုက ဇိမ်ကျနေတာမျိုး။
ထပ်သွားရရင် Bentley ဟာ နောက်ဆုံးထွက်နည်းပညာတွေကို လက်ဝယ်ပိုင်ပိုင်ရှိထားရုံသာမကဘူး၊ သင့်တင့်လျောက်ပတ်အောင်ထည့်သွင်းပေးထားတာကလည်း အထင်ကြီးစရာပါ။ တုန့်ပြန်မှုလျင်မြန်လှတဲ့ touch မျက်နှာပြင် 8-inch infotainment ကနှစ်သက်စရာကောင်းသလို Bentley အားလုံးထဲမှာ နောက်ဆုံးထွက်အနေနဲ့ အကောင်းဆုံးလို့တောင်ပြောလို့ရတယ်။ တစ်ခုတော့ရှိတယ်။ ခလုတ်ပုံစံတွေ ဘာတွေကတော့ Audi နဲ့တော်တော်နီးစပ်မှုရှိပေမယ့် အများစုကတော့ ဒါကို သတိထားမိမှာ မဟုတ်ပါဘူး။
Bentayga ကိုမောင်းနှင်မယ့်သူအကြိုက်ဆုံးဖြစ်မယ့် feature ကတော့ မော်တာ နှစ်ဆယ့်နှစ်လုံးပါဝင်တဲ့ ထိုင်ခုံချိန်ညှိစနစ်ရယ်။ တခြားဘယ် Bentley မှာမှမရနိုင်တဲ့ အမြင့်ကနေပြီး သက်သောင့်သက်သာအဖြစ်ဆုံး ထိုင်ခုံအနေအထားနဲ့ မောင်းနှင်ရမယ့် feeling ကိုပြောပြရမယ်ဆိုရင် ဘယ်လိုကားမောင်းသူမဆို၊ ထပ်ပြောပါရစေ၊ ဘယ်လိုကားမောင်းသူမဆို၊ တစ်ခေါက်စမ်းမောင်းပြီးတာနဲ့ ကားပေါ်ကဆင်းချင်စိတ် ရှိမနေတော့မှာ သေချာတယ်။

လက်တွေ့ဆိုရင်

အနောက်ခန်းအတွက်တော့ Bentley ကရွေးချယ်စရာ နှစ်ခုပေးထားပါတယ်။ အရှေ့ထိုင်ခုံနဲ့ တထေရာတည်းတူတဲ့ ထိုင်ခုံနှစ်လုံးတပ်မလား၊ ဒါမှမဟုတ် သုံးယောက်ထိုင် ခုံရှည်ကိုရွေးမလား ကြိုက်သလိုမှာလို့ရပါတယ်။ ဘာကိုပဲရွေးရွေးပါ။ Range Rover လောက်တော့ မကျယ်ပါဘူး။ ဒါပေမယ့် ဇိမ်တော့ပိုရှိပါတယ်။
အနောက်ပစ္စည်းထားခန်းကတော့ 430-litre ထိဝင်ဆံ့တဲ့အတွက် Range Rover ရဲ့ boot လောက်အထိကျယ်တယ်လို့ပြောလို့ရတယ်။ ဒါပေမယ့် Bentayga နောက်ခန်းရဲ့ ကြမ်းပြင်ပြန့်ပြူးမှုဟာ အလေးအပင်တွေကို လျှောကနဲ့ထည့်လို့ရတာမျိုး။ ထူးခြားချက်အနေနဲ့က Bentayga ကို ခွေးချစ်သူတွေအနေနဲ့လည်း သဘောကျကြပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ အနောက်ပစ္စည်းထားခန်းနေရာမှာ အိမ်မွေးတိရိစ္ဆာန်တွေအတွက်ပါ သဟဇာတဖြစ်အောင် ဖန်တီးပေးထားလို့ပါ။
Bentley Bentayga နဲ့ပတ်သက်ပြီး နောက်ထပ်ကောင်းသတင်းတစ်ခုကတော့ ဒီကားဟာ လူတွေမျှော်လင့်ထားတာထက် ပိုပြီးမောင်းလို့ကောင်းပါတယ်။ အတွေ့အကြုံရင့်ပြီးခေတ်မီတဲ့ suspension စနစ်ကြောင့် မောင်းနှင်စီးနင်းရတဲ့နေရာမှာ အများတကာထက်ပိုတဲ့ ငြိမ့်ညောင်းမှုကိုရရှိနေတာ ဖြစ်ပါလိမ့်မယ်။


“ကျွမ်းကျင်သူအများအပြားကတော့ Bentley ဟာ SUV အမျိုးအစားကို မထုတ်လုပ်သင့်ဘူးလို့ ပြောကောင်းပြောကြပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုစကားတွေကို မသိချင်ယောင်ဆောင်ထားတဲ့ Bentley ကို ကျေးဇူးတင်မိတယ်။ Bentayga ဟာ အံအားသင့်ဖွယ်ရာ SUV ဖြစ်နေလို့ပါ”

မောင်းနှင်မှု

Bentley အမှတ်တံဆိပ်နဲ့ ဇိမ်ကျမှု၊ သားနားအဖိုးထိုက်တန်မှု၊ သက်သောင့်သက်သာရှိမှု၊ အဆင့်အတန်းမြင့်မားမှု စတဲ့အရာတွေက တွဲလုံးတွေပါ။ ဒီလို အရည်အသွေးတွေကိုမှ ကြံ့ခိုင်လှတဲ့ off-road စွမ်းဆောင်ရည်ကိုပါ ထပ်မံပေါင်းထည့်လိုက်တဲ့အခါမှာတော့ အထင်ကြီး အံအားသင့်ဖွယ်ရာ ဖြစ်လာပါတော့တယ်။
အင်ဂျင်ပိုင်းနဲ့ပတ်သက်ပြီး low-range gearbox တွေမလိုဘူးလို့ Bentley ကပြောပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့တို့ကားရဲ့အင်ဂျင်က torque ပမာဏအများကြီး ထုတ်လုပ်နိုင်လို့ပါ။ Twin-turbo 6.0-litre W12 အင်ဂျင်ပါ။ 0-62mph အရှိန်နှုန်းကို လေးစက္ကန့်အတွင်းတင်နိုင်ပြီး အမြင့်ဆုံးမြန်နှုန်းက 187mph ဖြစ်ပါတယ်။ Kph မဟုတ်တာကို သတိပြုပါ။
နေ့စဉ်သုံးအနေနဲ့ကတော့ Bentayga ဟာ ပြင်းပြင်းထန်ထန်အလုပ်လုပ်စရာမလိုဘဲကို လျင်မြန်ပြီးသားပါ။ ဘာဖြစ်လို့လည်းဆိုတော့ လီဗာကို တစ်ဝက်လောက်နင်းလိုက်ရုံနဲ့ပဲ အများတကာထက် မြန်ဆန်တဲ့ အရှိန်နှုန်းကို ရနိုင်မှာမလို့ပါပဲ။ ဒီဇယ် ဒါမှမဟုတ် ဓါတ်ဆီ V8 အင်ဂျင်နဲ့မှာယူရင်တော့ ကုန်ကျစာရိတ် နည်းနည်းလျော့သွားမှာဖြစ်ပေမယ့် စိတ်လှုပ်ရှားဖွယ်ရာ W12 အင်ဂျင်နဲ့သာ ဝယ်ယူဖို့ကိုတော့ ထောက်ခံချက်ပေးချင်ပါတယ်။
မှန်ပါတယ်။ ကားတန်ဖိုးချည်းသက်သက်ဟာ ဒေါ်လာတစ်သိန်းခွဲလောက်ရှိတာမလို့ ဈေးနှုန်းအားဖြင့် တော်တော်မြင့်တဲ့ကားတစ်စီးဖြစ်ပါတယ်။ ဒါပေမယ့် ပေးရတဲ့ငွေကြေးနဲ့ထိုက်တန်တဲ့တန်ဖိုးကို ပြန်ရနိုင်မှာ သေချာတဲ့အတွက် နောင်တရစရာမလိုတဲ့ကားအမျိုးအစားတွေထဲမှာ Bentley ရဲ့ ကားတွေဟာ ထိပ်ဆုံးနေရာကနေ ပါဝင်နေမှာပါ။
တခြားပါဝင်တဲ့အချက်တွေအနေနဲ့ wi-fi connection ၊ ညှင်သာတဲ့ ပါဝါ အနောက်ဖုံးတံခါး၊ အလိုအလျောက် အတိုးအလျော့ပြုလုပ်ပေးနိုင်တဲ့ LED အရှေ့မီးတွေ၊ ကျယ်ပြန့်တဲ့ panoramic ခေါင်နဲ့ တုန့်ပြန်အားကောင်းတဲ့ 8-inch infotainment touchable display တွေဟာ Bentayga ရဲ့ ကောင်းမွန်တဲ့ features တွေပါပဲ။
သေချာတာကတော့ Bentley ရဲ့ Bentayga ကတော့ လုံးဝ သီးသန့်ဆန်ပြီး ဘာနဲ့မှမတူတဲ့ SUV ဖြစ်နေတာ သေချာပါတယ်။

ပါဝင်တဲ့အချက်တွေ

Bentayga မှာ trim အနေနဲ့ကတော့ နှစ်မျိုးပဲရှိပါတယ်။ Standard နဲ့ Mulliner ပါ။

Standard

Bentayga တွေမှာက 1,800W stereo speakers ဆယ်ရှစ်လုံးနဲ့လာတာ။ အနောက်ခုံကစီးမယ့်သူတွေအတွက်လည်း 10.2-inch display ပါသေးတယ်။ အဆင့်မြှင့်တင်ထားတဲ့ Apple CarPlay အပြင် Wi-Fi Hotspot ပါသုံးလို့ရသေးတယ်။ ဂြိုဟ်တုလမ်းညွှန်ကလည်း built-in တပ်ဆင်ပေးထားပြီးသား။ Parking assistance ၊ Emergency braking အပြင် ထောင့်မျိုးစုံက ကင်မရာမျိုးစုံလည်း Standard trim မှာတပ်ဆင်ပေးပြီးသား။
အင်ဂျင်ကတော့ 4.0 V8 Auto အင်ဂျင်ပါ။ 550hp အထိပါဝါထွက်ရှိမယ့် 4.0-litre ဓါတ်ဆီအင်ဂျင်ဖြစ်ပါတယ်။ 0-60mph ကို 4.5 စက္ကန့်အတွင်းတင်မောင်းနိုင်ပြီး ဆီစားနှုန်းကတော့ 25mpg အထိရှိမယ်လို့ Bentley ကဆိုထားပါတယ်။

Mulliner

Bentayga Mulliner ရဲ့ အင်္ဂါရပ်တွေကတော့ အပြင်အရောင်ကို မျိုးစုံရွေးချယ်နိုင်ခြင်း၊ 22-inch Paragon အလွိုင်းဘီးတပ်ဆင်ပေးထားခြင်း၊ air suspension ပါဝင်ခြင်း၊ ပိုမိုလှပတောက်ပြောင်တဲ့ grille ကိုအသုံးပြုပေးထားခြင်း၊ အရှေ့ထိုင်ခုံတွေသာမက အနောက်ထိုင်ခုံတွေပါအေးမြပြီး အကြောဖြေလျော့စနစ်ပါဝင်ခြင်း၊ အနောက် Bottle Chiller အပြင် လက်မှုသက်သက်နဲ့ပြုလုပ်ဖန်တီးပေးထားတဲ့ champagne flutes ပါ ထည့်သွင်းပေးထားခြင်း၊ panoramic sunroof ၊ 60GB အထိ storage ပမာဏရှိတဲ့ 8-inch infotainment display ပါရှိခြင်းတို့ဖြစ်ပါတယ်။
အင်ဂျင်ကတော့ 4.0 V8 Driving Spec Auto အင်ဂျင်ဖြစ်ပြီး ပါဝါထုတ်လွှတ်မှုအပိုင်းကတော့ Standard သိပ်ကွာခြားမှုမရှိပါဘူး။

“အချက်အလက်နဲ့ပတ်သက်ပြီး ထပ်မံအကြံပြုချင်တာကတော့ Bentley Bentayga ကိုသာဝယ်ယူမယ်ဆိုရင်တော့ V8 အင်ဂျင်အစား W12 အင်ဂျင်ကိုသာ တောင်းဆိုရွေးချယ်ဝယ်ယူသင့်ပါကြောင်း...."

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref: Bentley Bentayga Review by Mat Watson

Author

Comments