Toyota Camry 2019 Review (Local)

0

Full article

ဒီတစ်ပါတ်မှာတော့ ဇိမ်ကျလှတဲ့ ဆိုဒ်ပြည့် ဂိုက်ပြည့် sedan တစ်စီးကိုသုံးသပ်တင်ပြချင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း Toyota ရဲ့ TNGA လို့ခေါ်တဲ့ Toyota New Global Architecture စနစ်နဲ့ ပထမဆုံး ထုတ်လုပ်လိုက်တဲ့ကားတစ်စီးဖြစ်တာကြောင့် ကားရဲ့ပုံစံနဲ့ လေခွင်းအားကောင်းပုံကတော့ ထူးခြားပါပေတယ်။

ဈေးနှုန်း 2.0G – $49,900 (ကားတန်ဖိုးသီးသန့်)
2.5L – $58,900 (ကားတန်ဖိုးသီးသန့်)

အားသာချက်

  • အင်ဂျင်ရဲ့ အထူးငြိမ်သက်ချောမွေ့မှု
  • အသွင်အပြင်ပိုင်း အထက်တန်းကျရုံမက ဘက်စုံအသုံးပြုနိုင်အောင်ရည်ရွယ်ထုတ်လုပ်ထားခြင်း
  • အတွင်းခန်း ပြည့်စုံကောင်းမွန်ခြင်း

အားနည်းချက်
x မှန်အားလုံး အကြည်သာတပ်ဆင်ပေးထားခြင်း
x ထိုင်ခုံများတွင် အပူ/အအေးစနစ် တပ်ဆင်ပေးမှုမရှိခြင်း
x ဘီးနှစ်ဘီးအကြား အလျားရှည်သောကြောင့် မတ်စောက်သော ကုန်းဆင်း/ကုန်းတက်များတွင် သတိထားမောင်းနှင်ရခြင်း

သုံးသပ်ချက်

Toyota Camry အသစ်ဟာ ပုံစံကို ကြည့်လိုက်မယ်ဆိုရင် sporty ဘက်ကိုယိမ်းတဲ့ full-size sedan အမျိုးအစားကားပါ။ ဒါ့အပြင် အတွင်းခန်းကိုလည်း luxury တွေလိုမျိုး ဇိမ်ကျအောင် ဖန်တီးပေးထားတော့ ခပ်လွယ်လွယ်ပြောမယ်ဆိုရင် sporty ဆန်ဆန်နဲ့ ကျယ်ကျယ်ဝန်းဝန်း၊ ဇိမ်ကျကျမောင်းနိုင်မယ့် sedan အမျိုးအစား ကားပေါ့။
LED ၊ နေ့ထွန်းမီး (DRL)၊ turning lamp တွေနဲ့ဖွဲ့စည်းထားတဲ့ အရှေ့မီးခွက်ဒီဇိုင်းဟာ ဆွဲဆောင်မှုရှိပြီး ကားကိုယ်ထည်ရဲ့ပုံစံက ကျယ်ဝန်းကာ အလယ်ပိုင်းကိုနိမ့်ဆင်းသွားအောင်ဖန်တီးထားတာတွေ့ရပါတယ်။ ဒီလိုဒီဇိုင်းကို ပိုပြီး ကြွတက်လာအောင်လို့ ဘေးဖက်ခြမ်း ရေလှိုင်းပုံအခုံးအကြွတွေက အကူအညီပေးထားပြန်ပါသေးတယ်။ Wheelbase ရဲ့ အလျားကိုလည်း နည်းနည်းတိုးထားခြင်းအားဖြင့် အားလုံးပေါင်းလိုက်ရင် ရေပြင်ညီလမ်းတွေပေါ်မှာတော့ အဟုန်အပြည့်နဲ့ လုံခြုံစိတ်ချစွာမောင်းနှင်နိုင်မယ့် အချိုးကို ရရှိစေပါတယ်။ ဒါပေမယ့် ဘီးနှစ်ဘီးကြား အလျားရှည်မှုက တိုပြီးမတ်တဲ့ ကုန်းဆင်း/ကုန်းတက်တွေမှာတော့ သတိထားပြီး ဆင်း/တက် ရမှာပါ။ Sedan တစ်စီးကို off-road တွေမှာ မောင်းနှင်ဖို့တော့ မလိုအပ်ဘူးမလား။
အနောက်ပိုင်းကကြည့်ရင်လည်း Camry အသစ်ဟာ တောင့်တောင့်တင်းတင်းရှိပြီး sporty ဆန်ဆန် ဒီဇိုင်းနဲ့ပါ။ နောက်တစ်ခုနှစ်သက်မိတာက Camry logo ရယ်။ Logo ရဲ့ ဒီဇိုင်းကအသစ်ဖြစ်ပြီး အချိုးညီအောင် ဖန်တီးထားတဲ့အတွက် မျှတတူညီခြင်း ခံစားချက်ကို ရရှိစေပါတယ်။
Grade အနေနဲ့ကတော့ 2.5L နဲ့ 2.0G နှစ်မျိုး ရွေးချယ်စရာရှိပါတယ်။ ဈေးနှုန်းက $58,900 နဲ့ $49,900 လို့ဆိုရာမှာ grade နှစ်မျိုးရဲ့ဈေးနှုန်းကွာခြားချက်က $9,000 ဆိုပေမယ့် ပါဝင်တဲ့ပစ္စည်းတွေမှာတော့ 2.5 က တော်တော်ကြီးသာလွန်တာကိုတွေ့ရပါတယ်။ ကွာခြားမှုအသေးစိတ်ကိုတော့ ပါဝင်တဲ့အချက်တွေ ခေါင်းစဉ်အောက်မှာ သွားရောက်လေ့လာနိုင်ပါတယ်။

အတွင်းခန်း

Toyota Camry 2019 ဟာ အပြင်ပိုင်းပုံစံ အထင်ကြီးစရာကောင်းသလောက် အတွင်းခန်းကလည်း မက်မောစရာပါ။ သားရေထိုင်ခုံတွေဟာ အေးမြတဲ့အခန်းထဲမှာ ထိုင်လို့ဇိမ်ကျလှပြီး dashboard မှာလည်း နူးညံတဲ့အထိအတွေ့ကိုပေးတဲ့ ပလတ်စတစ်အကောင်းစားကိုအသုံးပြုထားသလို glove box ဘောင်တွေမှာ သားရေသားအုပ်ထားတာကလည်း တိကျသေသပ်တာတွေ့ရပါတယ်။ သားရေသားအုပ် steering ကလည်း ဆုပ်ကိုင်ထိန်းချုပ်ဖို့အတွက် နူးညံ့ကောင်းမွန်တယ်။
နှစ်သက်မိတာတစ်ခုကတော့ ထိုင်ခုံချိန်ညှိဖို့အတွက် electric စနစ်နဲ့ touchscreen တပ်ဆင်ပေးထားခြင်းပါ။ ထိုင်ခုံအားလုံးအတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက 2.0G မှာတော့ အဲဒီစနစ်မရပါဘူး။ Sport ၊ Eco ၊ Normal စတဲ့ driving mode တွေကလည်း 2.5L မှာမှ ရရှိနိုင်မှာဖြစ်ပြီး ထိုင်ခုံသားရေတွေကလည်း 2.5L မှာကျမှ ထူးထူးခြားခြားကြီးကို ပိုမိုနူးညံ့တာတွေ့ရပါတယ်။ Smartphones တွေအတွက် wireless charger ကလည်း 2.5L မှာမှ ရရှိနိုင်မှာပါ။
Grade နှစ်မျိုးစလုံးအတွက် အနှစ်သက်ဆုံးကတော့ အတွင်းခန်းထိုင်ခုံအားလုံးဟာ သက်သောင့်သက်သာရှိပြီး ကျယ်ကျယ်ဝန်းဝန်းရှိလှတာပါ။ Air-conditoning ကလည်း 2.0G မှာတောင် dual zone automatic ဖြစ်တဲ့အတွက် နှစ်ခြိုက်စရာကောင်းပြီး infotainment display ကတော့ 2.0G မှာ ၄.၂ လက်မနဲ့ ရရှိနိုင်ကာ 2.5L မှာတော့ ၇ လက်မ မျက်နှာပြင်နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။
အကောင်းဆုံးခံစားမှုကတော့ Camry အသစ်ကို စက်နှိုးလိုက်ချိန်မှာ ရရှိတဲ့ ခံစားမှုပါ။ 2.0 ဖြစ်ဖြစ်၊ 2.5 ဖြစ်ဖြစ်ပါ။ တုန်ခါမှုအလျင်းကင်းသလောက်နီးနီးလျော့ချထားနိုင်စွမ်းရှိတဲ့ အင်ဂျင်ကတော့ တကယ့်ကို အထင်ကြီးစရာပဲ။ Idle အနေအထားမှာ dashboard အပေါ် ရေခွက်တင်ပြီး လက်တွေ့ကြည့်တဲ့အခါမှာလည်း ထူးထူးခြားခြားကြီးကို တည်ငြိမ်မှုရှိတာကို တွေ့ရပါတယ်။ တကယ့်ကို သဘောကျစရာအချက်ပါပဲ။

လက်တွေ့ဆိုရင်

Toyota Camry အသစ်ရဲ့ အနောက်ပစ္စည်းထားခန်း ဝင်ဆံ့မှုက 524 litres ပါ။ လက်ရှိ sedans အများစုထက် ပိုမိုဝင်ဆံ့တဲ့ boot လို့ပြောနိုင်ပါတယ်။ လက်ဆွဲသေတ္တာ တချို့ကို သာသာလေး ထည့်ထားလို့ရတဲ့ ဝင်ဆံ့မှုပါ။ တစ်ခုရှိတာက hatchback တွေလိုမျိုး နောက်ဖုံးကို အကျယ်ကြီးဖွင့်လို့တော့ မရဘူးပေါ့။
Cabin ရဲ့ ကျယ်ပြောမှုနဲ့ သက်သောင့်သက်သာရှိမှုကတော့ ထိပ်တန်းအဆင့်မှာရှိပါတယ်။ Shaquille O'Neal လိုမျိုး ၇ ပေရှိတဲ့သူတွေတောင်မှာ အေးအေးဆေးဆေး စီးနင်းမောင်းနှင်နိုင်မယ့်အနေအထားပါ။ အနောက်ထိုင်ခုံမှာ ထိုင်မယ့်သူတွေအနေနဲ့ကတော့ အရပ် ၆ ပေအထက်ရှိမယ်ဆိုရင် အပေါ်အမိုးကို အနည်းငယ်သတိပြုမိနိုင်ပါတယ်။ ခေါင်ရဲ့ အချိုးကြောင့်ပါ။ ဒါပေမယ့် ဒူးကတော့ အားလုံးနဲ့ လွတ်ကင်းပြီး လွတ်လွတ်လပ်လပ်ရှိနေအောင် ဖန်တီးထားတာတွေ့ရပါတယ်။ တံခါးပေါက်တွေမှာ တပ်ဆင်ပေးထားတဲ့ တံခါးဖွင့်ရင်လင်းတဲ့မီးလေးတွေကလည်း သဘောကျစရာပါ။ ညပိုင်း အတက်အဆင်းလုပ်ဖို့အတွက် လက်တွေ့ကျပြီး ကောင်းမွန်တဲ့ တပ်ဆင်ပေးမှုပါပဲ။
ခြုံငုံပြီးပြောရရင်တော့ လူကောင်ကြီးကြီးတွေ ပစ္စည်းပစ္စယများများစားစားနဲ့ ခရီးသွားလာဖို့အတွက် လက်တွေ့ကျန သာသာယာယာဖြစ်မယ့် Toyota ရဲ့ Camryအသစ်ပါလို့ဆိုချင်ပါတယ်။

မောင်းနှင်မှု

မောင်းနှင်ကြည့်ရာမှာ အနှစ်သက်ဆုံးကတော့ ငြိမ့်ညောင်းမှုဖြစ်မယ်ထင်တယ်။ ညီညာပြန့်ပြူးတဲ့လမ်းတွေပေါ်မှာတော့ လိုက်ပါစီးနင်းသူအားလုံး ဇိမ်ကျကျ လိုက်ပါစီးနင်းလို့ရတဲ့ ကားမျိုးပါ။
Camry အသစ်မှာတပ်ဆင်ပေးထားတဲ့ suspension အပိုင်းကိုလည်း သဘောကျပါတယ်။ သူက အရှေ့ဘက်မှာ MacPherson strut နဲ့ အနောက်ဘက်မှာတော့ double wishbone ကိုအသုံးပြုထားတာပါ။ ပိုမိုပြန့်ပြူး၊ ပိုမိုတည်ငြိမ်ပြီး တုန်ခါမှုကင်းမဲ့ဇုံတစ်ခုကို ဖန်တီးထားသလိုပါပဲ။
လေအိတ်ပတ်လည် ၇ လုံး၊ ရုတ်တရက် ဘရိတ်နင်းရာမှာ ကားရဲ့အမြန်နှုန်းကို တိကနဲ ရပ်မပစ်ဘဲ အမြန်နှုန်းကို ယာဉ်မောင်းသူရဲ့ လက်ကိုင်ထိန်းချုပ်မှုနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် အထောက်အပံ့ပေးနိုင်တဲ့အတွက် ချော်ထွက်မှုရာနှုန်းကိုလွန်စွာနည်းပါးစေတဲ့ Anti-lock Braking System (ABS) ၊ ကားရဲ့ဖိအားနဲ့ အမြန်နှုန်းအပေါ်မူတည်ကာ ကားဘီးတွေအပေါ် ဘရိတ်အကျိုးသက်ရောက်မှုအနည်းအများ ချိန်ညှိပေးနိုင်တဲ့အတွက် အကွေ့လိုမျိုးနေရာတွေမှာ အကောင်းဆုံးထိန်းညှိထောက်ပံ့ပေးနိုင်တဲ့ Electronic Brakeforce Distribution (EBD) ဘရိတ်စနစ်တွေ၊ လမ်းချော်မှုကနေ အကာအကွယ်ပေးနိုင်တဲ့ Toyota Traction Control (TRC) ၊ ကုန်းမြင့်တွေမှာ အထောက်အပံ့ပေးမယ့် Hill Assist Control (HAC) အပြင် ကုန်းဆင်းတွေမှာ အထောက်အပံ့ပေးမယ့် Downhill Assist Control (DAC) ပါ ပါဝင်တဲ့အတွက် ဘယ်လို မြေအနေအထားမျိုးမှာမဆို အဆင်ပြေပြီး Vehicle Stability Control (VSC) ပါဝင်တာကြောင့် လိုအပ်တဲ့အချိန်မှာ မောင်းနှင်မှုကို အလိုအလျောက်ထိန်းသိမ်းပေးနိုင်စွမ်းရှိတဲ့အတွက် ပိုမိုတည်ငြိမ်စွာမောင်းနှင်နိုင်ပြီး ကားတစ်စီးလုံးအနေနဲ့ဆိုရင်တော့ စိတ်ချလုံခြုံမှုအပြည့်အဝကို ပေးစွမ်းနိုင်တဲ့ Camry အသစ်ပါပဲ။
အမြင့်ဆုံး ပါဝါအနေနဲ့ 2.0G မှာ 165hp အထိထွက်ရှိပြီး 2.5L မှာက 181hp အထိ ထုတ်လွှတ်နိုင်တဲ့အတွက် ပါဝါနည်းတဲ့ ကားတစ်စီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆီစားနှုန်းအနေနဲ့ကတော့ 2.5L ဟာ မြို့တွင်းမှာ ဇိမ်အပြည့်နဲ့မောင်းတဲ့အခါ 29mpg လောက်အထိရရှိပြီး အမြန်လမ်းတွေပေါ်မှာတော့ 41mpg အထိရရှိနိုင်တဲ့အတွက် ဇိမ်ကျမှုနဲ့ ယှဉ်ထိုးကြည့်တဲ့အခါ ဆီစားနှုန်းက တော်တော်လေး သက်သာတယ်လို့ပြောလို့ရတယ်။ 2.0G ကတော့ ဆီစားနှုန်း ပိုမိုသက်သာပါလိမ့်မယ်။

ပါဝင်တဲ့အချက်တွေ

Toyota Camry အသစ်ကို မြန်မာနိုင်ငံမှာ grade နှစ်မျိုးနဲ့ရရှိနိုင်ပါတယ်။ 2.0G နဲ့ 2.5L ပါ။ ဈေးနှုန်း အနေနဲ့ $9,000 လောက်သာကွာပေမယ့် 2.5L မှာက နှစ်သက်စရာတွေက ပိုများလှပါတယ်။

2.0G

Dimensions and Weight

Overall length : 4,885 mm
Overall width : 1,840 mm
Overall height : 1,455 mm
Wheelbase : 2,825 mm
Tread front/rear : 1,590/1,615 mm
Ground clearance : 140 mm (5.5 inches)
Interior length x width x height : 2,030 x 1,535 x 1,185
Gross vehicle weight : 2,030 kg (4,475 lbs)

Chassis

Suspension front/rear : MacPherson Strut/Double wishbone
Brakes front/rear : Ventilated disc/Solid disc
Minimum turning radius (tires) : 5.7 m
Fuel tank capacity : 60 liters
Tires : 215/55R17

Engine

Type : 4 cylinder, in-line twin cam, 16-valve with dual VVTi
Piston displacement : 1,998cc
Max output : 165 hp/6,500 rpm
Max torque : 199Nm/4,600 rpm
Fuel system : Electronic

Exterior

Headlamps : LED
Front fog & driving lamp : LED
Wing mirror : Electrically retractable, hydro, wide view
Clearance lamp : yes
Front turn signal lamp : yes
Daytime running light : LED
Rear combination lamps : Tail & stop (LED)
Disc wheel : 17-inch aluminum
Antenna : Rear glass diversity + GPS

Interior

Electric power steering : Parallel rack electric power steering system
Steering column : Tiltable & telescopic
Cruise control : –
Shift switch : Sequential
Integrated sport driving : –
Sun shade : Rear window (power)
Moon roof : –
Seat cover material : Leather
Front seat slide and reclining : yes
Rear seat : Fixed with trunk-through function
Rear armrest : yes (cup holder, lid)
Air conditioning : Dual automatic
Speedometer : km/h
Multi-infotainment display : 4.2 inch
Audio system : 7 inch DCU/DVD/6SP
EMV & navigation system : –

Safety System

Brake control system : ABS/EBD/HAC/VSC
Airbags : 7
Seatbelts front : 3 point ELR (emergency locking retractor) x 2
rear : 3 point ELR (emergency locking retractor) x 3
Seatbelt warning : D&P: lamp and buzzer
Child restraint system : ISO-FIX (x2) + tether anchors
Parking sensors : Back sonar + corner sensor
Lane change assist : –
Back monitor : Back monitor with static line

2.5L

Dimensions and Weight

Overall length : 4,885 mm
Overall width : 1,840 mm
Overall height : 1,455 mm
Wheelbase : 2,825 mm
Tread front/rear : 1,580/1,605 mm
Ground clearance : 140 mm (5.5 inches)
Interior length x width x height : 2,030 x 1,535 x 1,125
Gross vehicle weight : 2,030 kg (4,475 lbs)

Chassis

Suspension front/rear : MacPherson Strut/Double wishbone
Brakes front/rear : Ventilated disc/Solid disc
Minimum turning radius (tires) : 5.8 m
Fuel tank capacity : 60 liters
Tires : 235/45R18

Engine

Type : 4 cylinder, in-line twin cam, 16-valve with dual VVTi
Piston displacement : 2,494cc
Max output : 181 hp/6,000 rpm
Max torque : 235Nm/4,100 rpm
Fuel system : Electronic

Exterior

Headlamps : LED (High)
Front fog & driving lamp : LED
Wing mirror : Electrically retractable, hydro, wide view (with reverse, memory)
Clearance lamp : yes (High)
Front turn signal lamp : yes (High)
Daytime running light : LED
Rear combination lamps : LED (High)
Disc wheel : 18-inch aluminum
Antenna : Rear glass diversity + GPS

Interior

Electric power steering : Parallel rack electric power steering system
Steering column : Tiltable & telescopic, power with memory
Cruise control : yes
Shift switch : Sequential + paddle shifters
Integrated sport driving : ECO/SPORT/NORMAL
Sun shade : Rear window (power)/rear door (manual)
Moon roof : Moon roof (tiltable & slidable)
Seat cover material : Smooth leather
Front seat slide and reclining : yes with memory
Rear seat : Power reclining with trunk-through function
Rear armrest : yes (Cup holder, lid, module switches)
Air conditioning : 3-zone automatic
Speedometer : km/h (high)
Multi-infotainment display : 7 inch
Audio system : 8 inch DCU/DVD/JBL/9SP
EMV & navigation system : yes

Safety System

Brake control system : ABS/EBD/HAC/VSC
Airbags : 7
Seatbelts front : 3 point ELR (emergency locking retractor) x 2
rear : 3 point ELR (emergency locking retractor) x 3
Seatbelt warning : D&P: lamp and buzzer
Child restraint system : ISO-FIX (x2) + tether anchors
Parking sensors : Back sonar + corner sensor
Lane change assist : BSM+RCTA
Back monitor : Back guide monitor

စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော Toyota Aye and Sons အား အထူးပင်ကျေးဇူးတင်ရှိလျက်......

စာရေးသူ : ဂျူနို
ဓါတ်ပုံ : ထက်အောင်

Author

Comments