ယာဉ်အို/ဟောင်းများအပ်နှံပြီး လူစီးစလစ်ထုတ်ပေးရန် YRTA မှ ကညန ၏ အကြောင်းပြန်မှုကိုစောင့်ဆိုင်းနေ

0

Full article

၁၉၉၉ မှ ၂၀၀၃ ခုနှစ်မော်ဒယ် YBS ယာဉ်အို/ဟောင်းများအပ်နှံပြီး လူစီးစလစ်ထုတ်ပေးရန်အတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အကြောင်းပြန်မှုကိုစောင့်စားနေကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူးဦးလှအောင်ကပြောသည်။

“အခုလက်ရှိကတော့ ပို့ဆောင်ရေးဝန်ကြီးဌာနကို တင်ပြထားတယ်။ ပို့ဆောင်ရေးဝန်ကြီးဌာနကနေ ကညန ကို YBS ယာဉ်အို၊ ယာဉ်ဟောင်းစာရင်း တောင်းပါတယ်။ အဲဒီအခါ YRTA အနေနဲ့ YBS ယာဉ်လိုင်းထဲမှာပြေးဆွဲနေတဲ့ ၁၉၉၉ ခုနှစ်မော်ဒယ်မှ ၂၀၀၃ ခုနှစ်မော်ဒယ်အထိ ယာဉ်အစီးရေကို စာရင်းကောက်ပြီး အစီးရေစာရင်းကို ကညန ကိုပေးထားပါတယ်။ ကညန က သူတို့ရဲ့ ယာဉ်မှတ်ပုံတင်နဲ့ အချက်အလက်မှန်/မမှန်ကို တိုက်ဆိုင်စစ်ဆေးပါမယ်။ စစ်ဆေးပြီးတာနဲ့ အဲဒီအချက်အလက်တွေကို ပို့ဆောင်ရေးဝန်ကြီးဌာနကို ပေးပို့ပါမယ်။ YRTA အနေနဲ့တော့ အခုလက်ရှိမှာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ တုံ့ပြန်မှုကိုစောင့်နေပါတယ်။” ဟု YRTA ၏ တွဲဖက်အတွင်းရေးမှူးဦးလှအောင်ကပြောကြားခဲ့သည်။


ပြည်ထောင်စုအစိုးရအနေဖြင့် ယာဉ်အို/ဟောင်းအပ်နှံခြင်းကို ၂၀၁၁ ခုနှစ်တွင်စတင်ဆောင်ရွက်ခဲ့ပြီး ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးခြားခွင့်ပြုချက်အနေဖြင့် ၁၉၉၉ ခုနှစ်မော်ဒယ်မှ ၂၀၀၃ ခုနှစ်မော်ဒယ်အထိ YBS ယာဉ်ဟောင်းများအပ်နှံပါက လူစီးစလစ်ထုတ်ပေးသွားရန်အတွက် YRTA မှ ပြည်ထောင်စုအစိုးရထံသို့ တင်ပြတောင်းခံထားခြင်းဖြစ်သည်။

Zing

Author

Comments